• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုမင်တန်ပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့သည် တူညီသော နိုင်ငံရေးအခြေခံပေါ်တွင် ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှု၏ မှန်ကန်သော ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှု ဦးတည်ချက်ကို ကိုင်ရန် တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး မျှော်လင့်

(GMT+08:00) 2017-05-21 12:41:47

        ယခုလ ၂၀ ရက်နေ့က ဦးတွန်ယိသည် တရုတ် ကိုမင်တန်ပါတီ ဥက္ကဋ္ဌအဖြစ် အရွေးခံရခဲ့သည်။ ယင်းနှင့်ပတ်သက်သော မေးမြန်ချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ အန်ဖုန်ရှန်က တရုတ် ကိုမင်တန်ပါတီသည် ဥက္ကဋ္ဌသစ်၏ ခေါင်းဆောင်မှုဖြင့် ၁၉၉၂ခုနှစ် သဘောတူညီချက်ကို စွဲကိုင်ပြီး ထိုင်ဝမ်သီးခြားတည်ရှိရေးကို ပြတ်သားစွာ ဆန့်ကျင်ရန်၊ ကိုမင်တန်ပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့သည် တူညီသော နိုင်ငံရေးအခြေခံပေါ်တွင် ထိုင်ဝမ် ရေလက်ကြားနှစ်ဖက်ကမ်း ဆက်ဆံမှု၏ မှန်ကန်သော ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှု ဦးတည်ချက်ကို ကိုင်တွယ်ရန် မျှော်လင့်ကြောင်း ၂၁ ရက်နေက ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio