• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ်ရေးရာ နှစ်ဖက် ဆွေးနွေရေးစနစ် ပထမ အကြိမ် အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-05-20 08:28:58

တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ် ရေးရာ နှစ်ဖက် တိုင်ပင်ဆွေးနွေရေးစနစ် ပထမ အကြိမ် အစည်းအဝေးကို ယခုလ ၁၉ ရက်နေ့က တရုတ်ပြည် ကွေ့ယန် မြို့၌ ကျင်းပ ခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်နှင့် တရုတ်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး ရိုမာနာတို့သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ နှစ်ဖက်တို့သည် နှစ်ဖက် တိုင်ပင်ဆွေးနွေးရေး စနစ်၏ တောင်ပင်လယ် ပြဿနာ ဖြေရှင်းရေးအတွက် အရေးကြီး အဓိပ္ပါယ်ကို မြင့်မားစွာ ချီးကျူးပြီး နောက်ဆက်တွဲ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး သဘောတူညီမှုများကို ရရှိ ခဲ့ကြပါသည်။

ယခုအကြိမ် အစည်းအဝေးမှ ရရှိသော သဘောတူညီမှုအရ တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ်ရေးရာ နှစ်ဖက် ဆွေးနွေရေးစနစ် ဒုတိယ အကြိမ် အစည်းအဝေးကို ယခုနှစ် ဒုတိယ နှစ်ဝက်ပိုင်းတွင် ဖိလစ်ပိုင်၌ ကျင်းပမည်ဟု သတင်းရရှိပါသည်။

   Webradio