• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လုံခြုံရေးနှင့်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအားဖြည့်ပြုလုပ်ရန် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများဆွေးနွေး

(GMT+08:00) 2017-05-19 12:12:38

      ဥရောပသမဂ္ဂသည်၊ ယခုလ ၁၈ ရက်နေ့က အဖွဲ့ဝင်နိုင်ငံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကျင်းပခဲ့သည်။အစည်းအဝေးအပြီးကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌  ဥရောပသမဂ္ဂသံတမန်ရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Federica Mogherini က၊ ယခုအကြိမ်အစည်းအဝေးတွင် လုံခြုံရေးနှင့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုအားဖြည့်ပြုလုပ်ရေးနှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg က ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio