• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်း နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံရေးနှင့်ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-05-19 11:00:34

ထိုင်း နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံရေးနှင့်ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးပွဲကို ယခုလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့တော်တွင် ကျင်းပခဲ့ကြောင်း၊ တရုတ်-ထိုင်းနှစ်နိုင်ငံ လုပ်ငန်းကုမ္ပဏီ ၃၀၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်စွန်ကီက ဖွင့်ပွဲအခမ်းအနားတွင် Belt and Road သည် နိုင်ငံအသီးသီး၏စီးပွါးရေးကို ဆက်နွယ်သော လမ်းကြောင်းဖြစ်ရုံသာမက ပြည်သူ့ဆန္ဒဆက်နွယ်သောလမ်းကြောင်းလည်းဖြစ်ပြီး အာရှနှင့်တစ်ကမ္ဘာ့လုံး အကျိုးခံစား စေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်ဘဏ်ဒုဥက္ကဌလျူချန်က ယခုတရုတ်နိုင်ငံတွင် အသေးစားနှင့်အလတ်စား လုပ်ငန်းကုမ္ပဏီ သန်း ၅၀ ရှိကြောင်း၊ တစ်နိုင်ငံလုံး GDP၏ ၆၀ ရာခိုင်နှုန်းနှင့် မြို့ပြအလုပ်အကိုင်နေရာ ၈၀ ရာခိုင်နှုန်းဖန်တီးပေးနေကြောင်းပြောကြားခဲ့သည်။

   Webradio