• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြေထဲပင်လယ်၌ ရေယာဉ်နစ်မြုပ်မှု နှစ်ကြိမ် ဖြစ်ပွါး ဒုက္ခသည် ၂၄၅ ဦး ပျောက်ဆုံး သို့မဟုတ် သေဆုံး

(GMT+08:00) 2017-05-09 10:30:38

ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူက၊ မကြာမီက မြေထဲပင်လယ်၌ ဒုက္ခသည်များ တင်ဆောင်ထားသော ရေယာဉ် နစ်မြုပ်မှု နှစ်ကြိမ် ဖြစ်ပွါး ခဲ့ရာ ရေယာဉ်ပေါ်တွင် ဒုက္ခသည် ၃၀၂ ဦးကို တင်ဆောင်ထားကြောင်း၊ ယင်းတို့ အနက် ၅၇ ဦးသာ ကယ်တင်နိုင်ခဲ့ပြီး ကျန် ၂၄၅ ဦးသည် ပျောက်ဆုံး သို့မဟုတ် သေဆုံးပြီ ဖြစ်ကြောင်း ယခုလ ၈ ရက်နေ့က အတည်ပြု ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံးမှ စာရင်းအရ၊ ၂၀၁၆ ခုနှစ်တွင် ဒုက္ခသည် ၃ သိန်းကျော်သည် မြေထဲပင်လယ်မှတဆင့် အီတလီ သို့မဟုတ် ဂရိသို့ ခိုးဝင်ကာ ယင်းတို့အနက် ၅၀၀၀ ထက်မနည်း လမ်းတဝက်၌ သေဆုံးခဲ့ကြောင်း သိရပါသည်။

   Webradio