• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Emmanuel Macron ပြင်သစ် သမ္မတ အရွေးခံ

(GMT+08:00) 2017-05-08 14:31:53

ယခုလ ၇ရက်နေ့က ပြင်သစ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ၏ ဒုတိယအကြိမ် ဆန္ဒမဲပေးပွဲကို ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၇ရက်နေ့ညက ပြင်သစ်နိုင်ငံက ပြည်သူ့ သဘောထား ကောက်ယူမှု လုပ်ငန်းဌာန များမှ စာရင်းအရ En Marcheပါတီ ခေါင်းဆောင် Emmanuel Macronသည် ဒုတိယ အကြိမ် ဆန္ဒမဲပေးပွဲတွင် ဆန္ဒမဲ ၆၅ရာခိုင်နှုန်းကျော် ရရှိပြီး the National Frontပါတီမှ သမ္မတလောင်း Marine Le Penကို အနိုင်ရရှိကာ ပြင်သစ် သမ္မတသစ် အဖြစ် အရွေးခံရကြောင်း၊ အသက် ၃၉နှစ် အရွယ်ရှိသည့် Emmanuel Macronသည်  ပြင်သစ် နိုင်ငံ စီးပွားရေး ဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ၄င်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ခန့်အတွင်း ပြင်သစ်နိုင်ငံ၏ အသက်အငယ်ဆုံး သမ္မတ ဖြစ်ကြောင်း သိရသည်။

သမ္မတ Emmanuel Macronက ၄င်း၏ အရွေးခံရခြင်းနှင့် ပတ်သက်၍ မိမိ အပေါ် အားပေးထောက်ခံကြသည့် မဲဆန္ဒရှင်များကို ကျေးဇူးတင်ရှိကြောင်း၊ မိမိ၏ အရွေးခံရခြင်း သည် မဲဆန္ဒရှင်များ၏ အနိုင်ရရှိခြင်းဖြစ်ရုံသာမကဘဲ ပြင်သစ်၏ အနိုင်ရရှိခြင်းလည်း ဖြစ်ကြောင်း၊ ဥရောပနှင့် တစ်ကမ္ဘာလုံးက မိမိတို့ အပေါ် အာရုံစိုက်နေကြကြောင်း ပြောကြားသည်။

ပြင်သစ် ပြည်သူ တစ်ရပ်လုံးအား Emmanuel Macronက မိန့်ခွန်းပြောကြားခဲ့ရာ မိမိ အနေနှင့် ကြီးမားသည့် ဂုဏ်ထူးနှင့် တာဝန်ဝတ္တရားများ ရရှိခံစားမိကြောင်း၊ မိမိသည် စီးပွားရေး အခက်အခဲ၊ လူမှုရေး ဆိုင်ရာ အကွဲကွဲအပြားပြား ဖြစ်နေမှု၊ ဒီမိုကရေစီ အကျပ်အတည်းနှင့် ကျင့်ဝတ်သိက္ခာ လျော့နည်းခြင်း အပါအဝင် ပြင်သစ် နိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို လျစ်လျူရှုမည် မဟုတ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက မိမိ အနေနှင့် ပြင်သစ်၏ အရေးကြီး အကျိုးစီးပွားများကို ထိန်းသိမ်း ကာကွယ်ပြီး ဥရောပ၏ အကျိုးစီးပွားများကိုလည်း ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံသည် နိုင်ငံတကာ ရေးရာများတွင် အခန်းကဏ္ဍမှ ဆက်လက် ပါဝင် ဆောင်ရွက မည် ဖြစ်ကြောင်း ပြောကြားသည်။

ပြင်သစ် သမ္မတ ဟော်လန်းသည် ၇ရက်နေ့ညက Emmanuel Macronအား ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ ဥရောပ သမဂ္ဂ ကော်မတီ ဥက္ကဌ Jean-Claude Junckeသည် Macronအား ဂုဏ်ပြုကြောင်းလည်း ပြောကြားသည်။ ၄င်းက ပြင်သစ် ပြည်သူများသည် မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ကြောင်း၊ ၄င်းရွေးချယ်မှုသည် ဥရောပ အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ရေးကို ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio