• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆဌမ အကြိမ် တရုတ်-ဂျပန် ဘဏ္ဍာရေး ဝန်ကြီးများ ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-05-07 09:15:32

ဆဌမ အကြိမ် တရုတ်-ဂျပန် ဘဏ္ဍာရေး ဝန်ကြီးများ ဆွေးနွေးပွဲကို ယခုလ ၆ ရက်နေ့က ဂျပန်နိုင်ငံ၌ ကျင်းပခဲ့ကြောင်း၊ ဂျပန် ဒုဝန်ကြီးချုပ်၊ ဘဏ္ဍရေး ဝန်ကြီး တာရိုအာစိုနှင့် တရုတ် ဘဏ္ဍရေး ဝန်ကြီး ရှောင်ကျယ်တို့သည် ဆွေးနွေးပွဲကို ပူးတွဲ ကြီးမှူး ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဘဏ္ဍရေး ဝန်ကြီး နှစ်ဦးတို့က၊ သက်ဆိုင်ရာ မက္ကရို စီးပွါးရေး မူဝါဒ ကူးလူးဖလှယ်မှုဖြင့် နှစ်နိုင်ငံ စီးပွါးရေး ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို တွန်းအား ပေးလိုကြောင်း၊ နှစ်ဖက်အကြား ဘဏ္ဍရေးဆိုင်ရာ လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှု ပိုမို နက်ရှိုင်းလာအောင် ဆောင်ရွက်လိုပါကြောင်း ပြောကြားပါသည်။   

   Webradio