• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်ထုတ် ဧရာမ ခရီးသည်တင်လေယာဉ်ကြီး စတင် ပျံသန်း

(GMT+08:00) 2017-05-06 09:59:35

        တရုတ်ပြည်ထုတ် ဧရာမ ခရီးသည်တင်လေယာဉ် C919 သည် ယခုလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ရှန်ဟိုင်း ဖူတုန်နိုင်ငံတကာလေဆိပ်၌ စတင် ပျံသန်းခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တရုတ်ပြည်ထုတ် ပထမဆုံးသော ကမ္ဘာ့စံချိန်မီ ဧရာမ ခရီးသည်တင်လေယာဉ် C919 သည် ရှန်ဟိုင်း ဖူတုန်နိုင်ငံတကာလေဆိပ်၌ စတင်ထွက်ခွာပြီး တစ်နာရီကျော်ကြာပျံသန်းပြီးနောက် အောင်မြင်စွာ ဆင်သက်ခဲ့သည်။ COMAC (Commercial Aircraft Corporation of China) ဒါရိုက်တာချုပ်၊ C919 ဧရာမ ခရီးသည်တင်လေယာဉ်ကြီး လုပ်ငန်းရပ် အထွေထွေကွပ်ကဲအုပ်ချုပ်သူ ဂျင်ကျွမ်လုံက ဧရာမ ခရီးသည်တင်လေယာဉ် C919 ၏ ပထမဆုံးအကြိမ် ပျံသန်းခြင်းကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

   Webradio