• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road အောင်မြင်လေလေ၊ တရုတ်-ကန် ဆက်ဆံမှု တည်ငြိမ်လေလေဟု စင်ကာပူ ပညာရှင်ဆို

(GMT+08:00) 2017-05-05 15:39:13

တရုတ်-အမေရိကန် ဆက်ဆံမှုသည် လက်ရှိအချိန်တွင် ကမ္ဘာပေါ်က အရေးအကြီး ဆုံးနှစ်ဖက် ဆက်ဆံမှု ဖြစ်ကြောင်း၊ Belt and Road အဆိုပြုချက်သည် တရုတ်နှင့် အမေရိကန်ကြား ကူးလူးဖလှယ်မှု အပေါ် သြဇာသက်ရောက်မှု ရှိလိမ့်မည် ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ယင်းနှင့် ပတ်သက်၍ တရုတ်-အမေရိကန် ဆက်ဆံရေး ပညာရှင်၊ စင်ကာပူ အမျိုးသား တက္ကသိုလ် လီကွမ်ယု အများပြည်သူ မူဝါဒ အကယ်ဒမီ အာရှနှင့် ဂလိုဘယ်လိုင်ဇေးရှင်း သုတေသနဌာန ဌာနမှူး၊ ပါမောက္ခ ဟွမ်ကျင့်က Belt and Road ဖွံ့ဖြိုးမှု အဆင်ပြေလေလေ၊ တရုတ်-အမေရိကန် ဆက်ဆံမှု တည်ငြိမ်လေလေ ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင်က ရေးသားဖော်ပြသည်။

ဟွမ်ကျင့်က ကမ္ဘာ့ စီးပွားရေး တပြေးညီ ဖြစ်စေရေးနှင့် ကမ္ဘာ့ နိုင်ငံရေး ဆိုင်ရာ နည်းလမ့်းမျိုးစုံ ကျင့်သုံးဆောင်ရွက်ခြင်းသည် ယနေ့ခေတ်၏ အဓိက ရေစီးကြောင်း ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ၄င်းရေစီးကြောင်းမှ အကျိုးရရှိသူနှင့် တွန်းအားပေးသူ ဖြစ်ကြောင်း၊ ဒါဗိုစ် ဖိုရမ်တွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြားချက်သည် ၄င်းရေစီး ကြောင်းနှင့်ကိုက်ညီကြောင်း၊ မိမိတို့သည် စီးပွားရေး တပြေးညီ ဖြစ်စေရေး တွန်းအား ပေးရန်နှင့်လွတ်လပ်သော ကုန်သွယ်ရေး ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း၊ ထို့အပြင်၊ ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက်ရေး စနစ်ကို ကမ္ဘာ့ စီမံခန့်ခွဲရေး၏ အခြေခံ အုတ်မြစ် အဖြစ် စွဲကိုင်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

၎င်းက Belt and Road အဆိုပြုချက်သည် စီးပွားရေး တပြေးညီ ဖြစ်စေရေးကို တွန်းအားပေးရန် အတွက် ဖြစ်ပြီး ဂလိုဘယ်လိုင်ဇေးရှင်းကို ကြီးမားစွာ တွန်းအားပေး နေကြောင်းလည်း ပြောကြားသည်။

   Webradio