• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော်ပိုင်လုပ်ငန်းများ ပိုင်ဆိုင်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကို အားဖြည့်

(GMT+08:00) 2017-05-04 10:30:37

တရုတ်ပြည် နိုင်ငံတော်ပိုင် လုပ်ငန်းများ၏ လုပ်ငန်း ပိုင်ဆိုင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးကို လျင်မြန်စွာ လုပ်ဆောင်နေသည်။ ၂၀၁၆ ခုနှစ်တွင် တရုတ် နိုင်ငံတော်ပိုင် လုပ်ငန်းဌာနများ၏ စုစုပေါင်း ငွေရင်းပမာဏမှာ ယွမ် ဘီလီယံ ၁ သိန်း ၃ သောင်း ၁ ထောင်ကျော် ရှိပြီး အမြတ်အစွန်းများသည် ပုံမှန် တိုးတက် လာသည်။ သို့သော် သံမဏီ၊ ဓါတုစက်မှုလုပ်ငန်း စသည့်လုပ်ငန်းများသည် အရှုံးပေါ်လာနေသည်။ ယင်းပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်ပိုင် လုပ်ငန်းဌာနများသည် လုပ်ငန်း ပိုင်ဆိုင်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကို ဇောက်ချ ပြုလုပ်နေပြီး၊ အရပ်ဘက် လုပ်ငန်းကုမ္ပဏီများ နိုင်ငံတော်ပိုင်လုပ်ငန်းများ၏ အစုရှယ်ယာ ပိုင်ဆိုင်ခြင်း၊ နိုင်ငံတော်ပိုင် လုပ်ငန်းများ အရပ်ဘက်လုပ်ငန်းကုမ္ပဏီများ၏ အစုရှယ်ယာ ပိုင်ဆိုင်ခြင်း၊ နိုင်ငံတော်ပိုင် လုပ်ငန်းများ နိုင်ငံခြားရင်းနှီးမြှုပ်နှံသော လုပ်ငန်းကုမ္ပဏီများနှင့် ပေါင်းစပ်ခြင်း စသည့် အသွင်ပုံစံများကို စမ်းသပ် ပြုလုပ်နေပါသည်။

   Webradio