• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ် အစိုးရအရာရှိ ဝရမ်းပြေးများ၏ သဲလွန်စများကို ထုတ်ပြန်

(GMT+08:00) 2017-04-28 09:55:21

ယခုလ ၂၇ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ညှိနှိုင်းအဖွဲ့ လက်အောက်ခံ အစိုးရအရာရှိ ဝရမ်းပြေးများ၏ သဲလွန်စများကို ထုတ်ပြန်ခဲ့ပြီး ပြည်တွင်း ပြည်သူလူထုများ၊ ပင်လယ်ရပ်ခြားရောက် တရုတ် အနွယ်ဖွားများနှင့် နိုင်ငံခြား ပုဂ္ဂိုလ်များ အနေနှင့် သက်ဆိုင်ရာသတင်းများကို တိုင်ကြား ပေးပို့ရန် ပန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တရုတ်နိုင်ငံသည် နိုင်ငံနှင့်ဒေသ ၉၀ ကျော်မှ ဝရမ်းပြေး ၂၈၇၃ ဦးကို ရှေ့ဆင့်နောက်ဆင့် ပြန်လည် ဖမ်းဆီးခဲ့ပြီ ဖြစ်ပြီး ယင်းတို့အနက် အဂတိလိုက်စားမှု ပြစ်မှုကျူးလွန်သော အစိုးရအရာရှိ ဝရမ်းပြေး ၄၇၆ ဦး ရှိကြောင်း၊ သို့သော် အစိုးရအရာရှိ ဝရမ်းပြေး ၃၆၅ ဦး နိုင်ငံခြားသို့ ထွက်ပြေးနေသေးကြောင်း သတင်းရရှိပါသည်။

   Webradio