• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျန်းတေကျန်းသည် မြန်မာ ဧည့်သည်တော်နှင့် တွေ့ဆုံ

(GMT+08:00) 2017-04-27 12:23:07

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်းတေကျန်းသည် ယခုလ ၂၆ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ မြန်မာ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ကျန်းတေကျန်းက၊ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် ၆၇ နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံမှုသည် ကောင်းမွန်စွာ တိုးတက်လာပြီး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားသည်။

ဦးရွှေမန်းကလည်း နှစ်နိုင်ငံ ချစ်ကြည်ရေးအစဉ်အလာ ခိုင်မြဲစေရန်နှင့် နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက် ကြိုးပမ်းလိုပါကြောင်း ပြောကြားသည်။

   Webradio