• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ငွေကြေး လုံခြုံမှုကို ထိန်းသိမ်းရသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2017-04-27 10:32:11

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ယခုလ ၂၅ ရက်နေ့က နိုင်ငံတော် ငွေကြေး လုံခြုံမှု ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အကြိမ် ၄၀ မြောက် ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း၊ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် ငွေကြေး လုံခြုံမှု ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး တာဝန် ၆ ရပ်ကို တင်ပြခဲ့ကြောင်း၊ ယင်းတို့သည် ငွေကြေး ပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစေရန်၊ ငွေကြေး ကြပ်မတ်မှုကို အားဖြည့်ရန်၊ ဖြစ်နိုင်ဖွယ်ရာ အန္တရာယ်များ ကိုင်တွယ်ဖြေရှင်းရန် စသဖြင့် ပါဝင်ကြောင်း သိရပါသည်။

   Webradio