• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံရှေ့နေရုံးဌာနများကြား ပိုမို ပူးပေါင်းဆောင်ရွက်သွားကြမည်

(GMT+08:00) 2017-04-26 15:07:48

တရုတ်-အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရှေ့နေရုံးဌာနများ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ၂၅ ရက်နေ့က တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်မြို့တွင် ကျင်းပခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

တရုတ်ပြည်သူ့ရှေ့နေရုံးချုပ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ကိုးရှင်းဝမ့်က တရုတ်-အာဆီယံ ရှေ့နေချုပ်များအစည်းအဝေးဆိုင်ရာ ဝက်ဘ်ဆိုက်ထားရှိခြင်းနှင့် တရုတ်-အာဆီယံ ရှေ့နေများအကြား ကူးလူးဆက်ဆံရေးနှင့် ပြုစုပျိုးထောင်ရေးစခန်း တည်ဆောက်ခြင်းသည် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေးအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုရှိကြောင်း ပြောကြားပါသည်။

   Webradio