• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုးလမ်းမကြီးစီးပွားရေးဇုံပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် ဘီရှ်ကက်၌ ကျင်းပ

(GMT+08:00) 2017-04-26 11:08:06

      ပိုးလမ်းမကြီးစီးပွားရေးဇုံနှင့် အာရှ-ဥရောပစီးပွားရေးမဟာမိတ်ဖွဲ့ညီညွတ်စေခြင်း  တွန်းအားပေးရေးအတွက် ကာဂျစ်စတန်နိုင်ငံအစိုးရမှ အားပေးထောက်ခံမှုအရ၊ ပိုးလမ်း မကြီးနိုင်ငံတကာကုန်သွယ်ရေးအသင်းချုပ်၊ ဥရောပ-အာရှ စီးပွားရေးအဖွဲ့ လုပ်ငန်းရှင်များ ကော်မတီနှင့် ကာဂျစ်စတန်စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့သည်၊ ယခုလ ၂၅ ရက်နေ့က ကာဂျစ်စတန်နိုင်ငံ ဘီရှ်ကက်မြို့တော်၌ "ပိုးလမ်းမကြီး စီးပွားရေးဇုံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ်"ကို အတူကျင်းပခဲ့ကြကြောင်း ဆင်ဟွာသတင်း အရ သိရသည်။

ဥရောပ-အာရှစီးပွားရေးအဖွဲ့ဝင် ၅ နိုင်ငံ၊ ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံ များမှ စက်မှုကုန်သွယ်ရေးနယ်ပယ်ခေါင်းဆောင်များ၊ တရုတ်နှင့် ကာဂျစ်စတန် စီးပွားရေး လောကမှကိုယ်စားလှယ်များအပါအဝင် လူ ၂၀၀ ကျော်တို့သည်၊ယင်းဖိုရမ်သို့တက်ရောက် ခဲ့ကြသည်ဟု သတင်းအရသိရသည်။

 

   Webradio