• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားပြဿနာနှင့်ပတ်သက်ပြီး ဘက်အသီးသီးတို့ ခေါင်းအေးအေးထားကြရန် တရုတ်ပန်ကြား

(GMT+08:00) 2017-04-25 14:10:18

        မျက်မှောက်အချိန်တွင် ကိုးရီးယားကျွန်းဆွယ်အခြေအနေ အလွန် တင်းမာ နေကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့အနေနှင့် ခေါင်းအေးအေးထားကြရန် တရုတ်ပြည်ဘက် အလေးအနက် ပန်ကြားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က ယခုလ ၂၄ ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

       တောင်ကိုးရီးယားနိုင်ငံသည် ကိုးရီးယားကျွန်းဆွယ်သို့ သွားရောက်မည့် အမေရိကန် ကာလ်-ဗင်စန် လေယာဉ်တင်သင်္ဘောများနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဖြစ်ကြောင်း ယခုလ ၂၄ ရက်နေ့က တောင်ကိုးရီးယား နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ မကြာမီရက်များအတွင်း မြောက်ကိုးရီးယားနိုင်ငံသည် နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်ဖွယ်ရာရှိကြောင်း သတင်းအရ သိရပါသည်။

   Webradio