• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လကမ္ဘာ နိုင်ငံတကာရွာ တည်ထောင်ရန် တရုတ် ရှာကြံနေ

(GMT+08:00) 2017-04-25 10:28:40

တရုတ် နိုင်ငံတော်ကာကွယ်ရေးနှင့် သိပံ္ပံနည်းပညာ စက်မှုလုပ်ငန်း ဦးစီးဌာန အင်ဂျင်နီယာချုပ် ထျန်ယွိလုံက၊ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ အထူးသဖြင့် ဥရောပ အာကာသ ဦးစီးဌာန အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လကမ္ဘာ နိုင်ငံတကာရွာ ထူထောင်ရန် ကိစ္စကို လေ့လာ ရှာကြံနေကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

၎င်းသည် ယခုလ ၂၄ ရက်နေ့က ရှီအန်းမြို့ အာကာသလုပ်ငန်းဆိုင်ရာ အခမ်းအနား တစ်ခုတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် လူသားသည် ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာ၏ နောက်ဖက်ခြမ်းသို့ ရောက်ရှိမည်ဟု သိရပါသည်။

   Webradio