• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် လာအို ဒုနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-04-25 08:40:47

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး လျူကျန်မင်သည် ယခုလ ၂၁ ရက်နေ့က ပီကင်းမြို့၌ အလည်အပတ် ရောက်ရှိလာသော လာအို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ကမ်ပေါ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဆိုက်မှ သတင်းအရ သိရပါသည်။

        နှစ်ဦးနှစ်ဘက်တို့သည် တရုတ်-လာအိုဆက်ဆံမှုနှင့်ပတ်သက်ပြီး အမြင်ခြင်း ဖလှယ်ကာ လာအိုဥက္ကဋ္ဌ ပွန်ယန် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် တက်ရောက်ရန် အစီအစဉ်ကို ပြင်ဆင်ရေး စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio