• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြင်သစ် ကြားနေပါတီနှင့် လက်ျာ အစွန်းရောက်ပါတီတို့ ပထမ အကျော့ သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရ

(GMT+08:00) 2017-04-24 10:14:05

ဒေသစံတော်ချိန် ဧပြီလ ၂၃ ရက်နေ့က ၂၀၁၇ ခုနှစ် ပြင်သစ် နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ပထမအကျော့ မဲပေးပွဲကို ကျင်းပခဲ့ကြောင်း၊ ပဏာမ မဲရေတွက်မှု ရလဒ် အရ၊ ကြားနေဂိုဏ်းအဖွဲ့ တသီးပုဂ္ဂလ သမ္မတလောင်းဖြစ်သူ၊ ချီးတက်ရေး လှုပ်ရှားမှု အဖွဲ့ကို ရှေ့ဆောင် ဖွဲ့စည်းတည်ထောင်သူ ကာဂ်ရွန်နှင့် လက်ျာ အစွန်းရောက် ပါတီမှ သမ္မတလောင်းဖြစ်သူ၊ အမျိုးသား တပ်ပေါင်းစု ဥက္ကဋ္ဌ လေပင် တို့သည် မဲ ပထမနှင့် ဒုတိယ အများဆုံး ရရှိခဲ့ကြောင်း၊ ယင်းသမ္မတလောင်း နှစ်ဦးစလုံးသည် မဲ ၅၀ ရာခိုင်နှုန်း မကျော် နိုင်ခဲ့သဖြင့် မေလ ၇ ရက်နေ့တွင် ဒုတိယ အကျော့ မဲပေးပွဲတွင် ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံသည် တစ်ပြည်လုံး အရေးပေါ် အခြေအနေ ကြေညာ ထားကြောင်း၊ မကြာမီက ပြင်သစ်ရဲတို့သည် မာစေမြို့၌ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အကြမ်းဖက် တိုက်ခိုက်မှု ကြံစည်ခဲ့သည့် ပြင်သစ် အမျိုးသား နှစ်ယောက်ကို ဖမ်းဆီး ရမိ ခဲ့ကြောင်း၊ ၂၀ ရက်နေ့က ပါရီမြို့၌လည်း ရဲကို သေနတ်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း၊ ရွေးကောက်ပွဲ၏ လုံခြုံရေးအတွက် ၂၃ ရက်နေ့က ပြင်သစ် အစိုးရသည် တစ်ပြည်လုံး၌ ရဲ ၅ သောင်းကျော်နှင့် စစ်မှုထမ်း ၇၀၀၀ ခန့်ကို ဖြန့်ချထားကြောင်း သတင်း ရရှိပါသည်။

    ပဏာမ မဲရေတွက်မှု ရလဒ်အရ၊ ပထမ အကျော့ ရွေးကောက်ပွဲတွင် ကာဂ်ရွန်သည် မဲ ၂၄့ ၁ ရာခိုင်နှုန်း ရရှိပြီး လေပင်သည် မဲ ၂၁့ ၆ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရပါသည်။

   Webradio