• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်ရှီးတွင် ရှီကျင့်ဖိန် စူးစမ်းလေ့လာ

(GMT+08:00) 2017-04-20 14:44:16

ဧပြီလ ၁၉ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတွင် လေ့လာကြည့်ရှုစစ်ဆေးကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကွမ်ရှီး၏ တောင်ပိုင်းရှိ ပေဟိုင်မြို့သို့ အရင် ရောက်ရှိခဲ့သည်။ ပေဟိုင်မြို့၏ ဧရိယာ အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ ၃ထောင်ကျော်ရှိပြီး လူဦးရေ ၁သန်း၇သိန်းရှိကြောင်း၊ ပေဟိုင်သည် တရုတ်ပြည် အနောက်တောင်ပိုင်းဒေသနှင့် အာဆီယံကို ဆက်စပ်နေသော အဆင်အပြေဆုံး ပင်လယ်ထွက်ပေါက် ဖြစ်ကြောင်း သိရသည်။  

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပေဟိုင်မြို့ ထျေရှန်းကောင်ဆိပ်ကမ်းတွင် လေ့လာကြည့်ရှုရာတွင် မိမိသည် ဟိုဖူဟန့်မင်းဆက်ခေတ်သမိုင်းပြတိုက်နှင့် ထျေရှန်းကောင်ဆိပ်ကမ်း၌ လာရောက်စူးစမ်းလေ့လာခဲ့ကြောင်း၊ ၄င်းနေရာ၂ခုသည် One Belt and Roadနှင့်  ဆက်စပ်မှု များစွာရှိကြောင်း၊ ပေဟိုင်သည် ရှေးဟောင်းပင်လယ်ပြင် ပိုးလမ်းမကြီး၏ သမိုင်းအဓိပ္ပါယ် ရှိကြောင်း၊ မိမိတို့သည် ၂၁ရာစုနှစ် ပင်လယ်ပြင် ပိုးလမ်းမကြီး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပြီးခဲ့သည့် ၃နှစ်က မိမိ One Belt and Roadအဆိုပြုချက်ကို တင်ပြခဲ့သည့် နောက်ပိုင်းတွင် နိုင်ငံတကာ မိသားစုကြီးမှ ကျယ်ပြန့်သော တုံ့ပြန်မှု ရရှိကြောင်း၊ ယခုနှစ် မေလတွင် ပီကင်း၌ One Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ကျင်းပမည် ဖြစ်ကြောင်း၊ နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်နှင့် နိုင်ငံရေး နယ်ပယ်က အရှိန်အဝါကြီးသူ ၂၀ကျော်သည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်းသည် One Belt and Roadက လူအများ၏ မျှော်လင့်ချက် ဖြစ်သည်ကို ပြဆိုနေကြောင်း၊ မိမိတို့သည် One Belt and Roadမူဘောင်အတွင်း တရုတ်ပြည်၏ တံခါးဖွင့်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး သလို "ရာစုနှစ် ၂ခု"ရည်မှန်းချက် အကောင်အထည်ဖော်ရေးကို တွန်းအားပေးကာ တရုတ် အမျိုးသား ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio