• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုးလမ်းမကြီး - တရုတ် နီပေါ ခရီးသွား နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2017-04-20 12:52:46

ပိုးလမ်းမကြီး- တရုတ် နီပေါ ခရီးသွား နှီးနှောဖလှယ်ပွဲကို ယခုလ ၁၉ ရက်နေ့က နီပေါ နိုင်ငံ ခတ္တမန္ဒူမြို့တော်၌ ကျင်းပခဲ့ကြောင်း၊ နီပေါ ယဉ်ကျေးမှု၊ ခရီးသွားနှင့် မြို့ပြ လေကြောင်းရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဂီရီနှင့် နီပေါ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယူဟုန်တို့သည် ယင်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယူဟုန်က၊ ၂၀၁၆ ခုနှစ်တွင် နီပေါရောက် တရုတ် ခရီးသည် ဦးရေမှာ ၁ သိန်းကျော် ရှိပြီး တရုတ်ပြည်ရောက် နီပေါ ခရီးသည်ဦးရေမှာ ၇ သောင်းကျော် ရှိကြောင်း၊ တရုတ် ခရီးသည် ဦးရေသည် နီပေါရောက် ကမ္ဘာလှည့်ခရီးသည်ဦးရေ အနက် ဒုတိယ အများဆုံး ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio