|
||||||||
|
|||||||||||||
ဗြိတိန်နိုင်ငံအစိုးရသစ်အနေနှင့် ဗြိတိန်နိုင်ငံကိုကိုယ်စား ဥရောပသမဂ္ဂနှင့် ဥရောပသမဂ္ဂမှ ထွက်ခွာခြင်းနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်စွာ စေ့စပ်ဆွေးနွေနိုင်ရန်အတွက် ဇွန်လ ၈ရက်နေ့တွင် ဗြိတိန်နိုင်ငံ အထွေထွေရွေးကောက်ပွဲကို မူလလျာထားသည်ထက် ပိုစော၍ ကျင်းပမည်ဟု ဗြိတိန် ဝန်ကြီးချုပ် သယ်ရေစာ မေ က ဧပြီလ ၁၈ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ ဆင်ဟွာ သတင်းအရ သိရပါသည်။
ဗြိတိန်နိုင်ငံဥပဒေအရ ၂၀၂၀ပြည့်နှစ်တွင် လက်ရှိအစိုးရအဖွဲ့၏ တာဝန်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း၊ အောက်လွှတ်တော်တွင် ထောက်ခံမဲ ၃ပုံ၂ပုံရရှိပြီးမှ အထွေထွေရွေးကောက်ပွဲ မူလလျာထားသည့်အချိန်ထက် ပိုစော၍ ကျင်းပနိုင်မည်ဖြစ်ကြောင်း၊ သိရပါသည်။
|