• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင် ပြည်သူ ၇၈ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အပေါ် ကျေနပ်

(GMT+08:00) 2017-04-19 10:43:46

လူမှု မိုးလေဝသစခန်း အမည်ဖြစ်သည့် ဖိလစ်ပိုင် အရပ်ဖက် အသင်းအဖွဲ့ တစ်ခုမှ ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်သော စစ်တမ်းကောက်ယူမှု ရလဒ်အရ၊ ဖိလစ်ပိုင် ပြည်သူပြည်သား ၇၈ ရာခိုင်နှုန်းခန့်သည် ဖိလစ်ပိုင်သမ္မတ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်မှု အပေါ် ကျေနပ်သည်ဟု ဖေါ်ပြကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယင်းအသင်းအဖွဲ့သည် မတ်လ  ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖိလစ်ပိုင် တစ်ပြည်လုံးမှ အရွယ်ရောက်သူ ၁၂၀၀ အား မျက်နှာချင်းဆိုင် စစ်တမ်းကောက်ယူမှု ပြုလုပ်ခဲ့ပြီး လူ ၄၃ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်မှု အပေါ် လွန်စွာ ကျေနပ်သည်ဟု ဖေါ်ပြကာ ၃၅ ရာခိုင်နှုန်းခန့် အသင့်အတင့် ကျေနပ်သည်ဟု ဖေါ်ပြကြောင်း၊ လွန်စွာ မကျေနပ်သည်နှင့် အသင့်အတင့် ကျေနပ်သည်ဟု ဖေါ်ပြသူ ဦးရေသည် ၆ ရာခိုင်နှုန်းစီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio