• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖက်ဆစ်ဝါဒနှင့် စစ်ဝါဒကို အရင်းအမြစ်မှနေ ဖျက်ပစ်ရမည်ဟု တရုတ်ဆို

(GMT+08:00) 2017-04-19 09:54:02

        ယခုလ ၁၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခန်းက မကြာခင်ရက်များက ဂျပန်အစိုးရ၏ ပြောကြားချက်နှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ရာ ဖက်ဆစ်ဝါဒနှင့် စစ်ဝါဒသည် ဒုတိယ ကမ္ဘာစစ်ပွဲကြီး ဖြစ်ပွားစေခဲ့သည့် အကြောင်းရင်းဖြစ်ပြီး ၄င်းကို အရင်းအမြစ်မှနေ ဖျက်ပစ်ရမည်ဖြစ်ကြောင်း၊ ဂျပန်ဘက်သည် လေးနက်စွာ သံဝေဂရပြီး သမိုင်းသင်ခန်းစာ ယူကာ မှန်ကန်သော သမိုင်းအမြင်ဖြင့် လူငယ်များကို အသိပညာပေးသင့်ကြောင်း ပြောကြားသည်။

        ယခုလ ၁၄ ရက်နေ့က ကျင်းပခဲ့သော ဂျပန်အစိုးရ ကက်ဘိနက်အဖွဲ့ အစည်းအဝေးတွင် ဂျပန်အစိုးရက ပညာရေးအဖွဲ့ဌာနများသည် ပညာရေးအခြေခံဥပဒေကို အခြေခံပြီး Adolf Hitler ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် "ကျွန်တော်၏ ကြိုးပမ်းဆောင်ရွက်မှု" ထဲမှ အကျိုးရှိပြီး သင့်လျော်သော အကြောင်းအရာများကို အသုံးပြုခွင့်ရှိသည်ဟု အတည်ပြုခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio