• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်က ငွေလဲနှုန်းကို နောက်ကွယ်၌ ကြိုးကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း အိမ်ဖြူတော် ထပ်လောင်းပြောကြား

(GMT+08:00) 2017-04-18 14:06:24

        အမေရိကန် အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ စပိုက်ဆာက အမေရိကန်သမ္မတ ထရန့် သမ္မတတာဝန် ထမ်းဆောင်ခဲ့သည့်နောက်ပိုင်း တရုတ်ပြည်သည် ငွေလဲနှုန်းကို နောက်ကွယ်၌ ကြိုးကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း ယခုလ ၁၇ ရက်နေ့က ထပ်လောင်းပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        မျက်မှောက်အချိန်တွင် တရုတ်ပြည်အား ငွေလဲနှုန်းကိုနောက်ကွယ်၌ ကြိုးကိုင်ဆောင်ရွက်သောနိုင်ငံအဖြစ် သတ်မှတ်ရန်သည် ဆင်ခြင်သော လုပ်ရပ် မဟုတ်ကြောင်း၊ ယင်းသည် ကိုးရီးယားကျွန်းစွယ်ပြဿနာဆိုင်ရာ အမေရိကန်နှင့် တရုတ်ပြည်အကြား ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်မည်ဖြစ်ကြောင်း သမ္မတ ထရန့်သည် Twitter ၌ ရေးသားခဲ့သည်ဟု စပိုက်ဆာကပြောကြားသည်။

   Webradio