• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00) 2017-04-18 11:03:06

      ယခုလ ၁၇ ရက်နေ့က၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ချိန်းထားသည့် အတိုင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ၊ ဆီးရီးယားပြဿနာနှင့် ကိုးရီးယားကျွန်းဆွယ်အခြေအနေနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ယခုနှစ်သည်၊ တရုတ်-ဗြိတိန်သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် ၄၅ ပြည့်မြောက်နှစ် ဖြစ်ပြီး၊ နှစ်နိုင်ငံတို့အနေနှင့်၊ အတူအားထုတ်ကြိုးပမ်းပြီး၊ ၂၁ ရာစုသို့ ရှေ့ရှုသော တရုတ်-ဗြိတိန် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုအဆင့်သစ်သို့ တွန်းအားပေးသင့် ကြောင်း နှစ်ဦးနှစ်ဖက်တို့ပြောကြားခဲ့သည်ဟု သိရသည်။

   Webradio