• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၊ဂျပန်၊တောင်ကိုးရီးယား လွတ်လပ်သောကုန်သွယ်ရေးဇုန် ၁၂ကြိမ်မြောက် စေ့စပ်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-04-14 12:56:11

တရုတ်၊ဂျပန်၊တောင်ကိုးရီးယား လွတ်လပ်သောကုန်သွယ်ရေးဇုန် ၁၂ကြိမ်မြောက် စေ့စပ်ဆွေးနွေးပွဲ ထိပ်တန်း စေ့စပ်ဆွေးနွေးရေးကိုယ်စားလှယ်များ အစည်းအဝေးကို ယမန်နေ့ ၁၃ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တော်၌ ကျင်းပခဲ့ကြောင်း၊ အဆိုပါ၃နိုင်ငံတို့သည် ကုန်စည် ကူးသန်း ရောင်းဝယ်ရေး၊ ဝန်ဆောင်မှု ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးစသော ကိစ္စရပ်များနှင့်ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ ဆင်ဟွာသတင်း အရ သိရပါသည်။

တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဝမ်ရှို့ဝင်း၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးရာစစ်ဆေးရေးအရာရှိ Takami Keiichi နှင့် တောင်ကိုးရီးယား လုပ်ငန်းကုန်သွယ်ရေး အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးလက်ထောက် လီစောင်းဂျင်းတို့ ကိုယ်စားလှယ်အဖွဲ့ကို အသီးသီးဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

   Webradio