• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗြိတိန်၊ ကန်၊ ပြင်သစ် တင်ပြသော ဆီးရီးယားဓာတုလက်နက်ပြဿနာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကုလ အတည်မပြု

(GMT+08:00) 2017-04-13 09:52:02

        ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ယခုလ ၁၂ ရက်နေ့က ဗြိတိန်၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့ ရေးဆွဲပြုစုသော ဆီးရီးယား ဓာတုလက်နက် ပြဿနာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်ပြီး မဲပေးပွဲကျင်းပခဲ့ရာ ယင်းမူကြမ်းကို အတည်ပြုခြင်းမရှိကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ယင်းမဲပေးပွဲတွင် ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၂ မဲနှင့် ကြားနေမဲ ၃ မဲဖြစ်ကြောင်း၊ ရုရှားနှင့် ဘိုလီးဗီးယားနိုင်ငံတို့သည့် ကန့်ကွက်မဲ ပေးခဲ့ပြီး တရုတ်၊ ကာဇတ်စတန်နှင့် အီသီယိုပီးယားနိုင်ငံတို့သည် ကြားနေမဲ ပေးခဲ့ကြောင်း၊ ယင်းမူကြမ်းတွင် ယခုလ ၄ ရက်နေ့က ဆီးရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဓာတုလက်နက် အရေးအခင်းကို စုံစမ်းစစ်ဆေးရန်နှင့် ဆီးရီးယားအစိုးရအနေနှင့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုဆိုင်ရာ အသေးစိတ် အကြောင်းအရာများကို ထုတ်ပြန်ရန် တောင်းဆိုကြောင်း သတင်းအရ သိရပါသည်။

   Webradio