• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများနှင့်အရှေ့အလယ်ပိုင်း၅နိုင်ငံကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-04-12 13:16:35

      ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများသည်၊ ယခုလ ၁၁ ရက်နေ့က၊ တူရကီ၊အာရပ်စော်ဘွား များနိုင်ငံ၊ ဆော်ဒီအရေဗျ၊ ၊ ဂျော်ဒန်နှင့် ကာတာစသည့်အရှေ့အလယ်ပိုင်းနိုင်ငံများမှ ကိုယ်စားလှယ်တို့သည်၊ အီတလီနိုင်ငံတွင် တံခါးပိတ်အစည်းအဝေးကျင်းပခဲ့ရာ၊ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဆီးရီးယားပြဿနာဖြေရှင်းရေးနှင့်စပ်လျဉ်း၍ အတူတိုင်ပင် ဆွေးနွေးခဲ့ကြကြောင်းဆင်ဟွာသတင်းအရသိရသည်။

အစည်းအဝေးအပြီးကျင်းပသော သတင်းစာရှင်းလင်းပွဲ၌၊ အီတလီနိုင်ငံခြားရေးဝန်ကြီး Alfano က၊ နိုင်ငံရေးနည်းလမ်းသည်၊ ဆီးရီးယားအကြပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင် သည့် တစ်ခုတည်းသော နည်းလမ်းပင်ဖြစ်ကြောင်း ထပ်လောင်းပြောကြား ခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio