• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BASICနိုင်ငံများ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-04-12 12:51:51

၂၄ကြိမ်မြောက် BASICနိုင်ငံများ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ဧပြီလ ၁၀ရက်နေ့မှ ၁၁ရက်နေ့အထိ ပီကင်းတွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အစည်းအဝေး တက်ရောက်ကြသော နိုင်ငံများမှ ဝန်ကြီးများသည် "ပါရီသဘောတူ စာချုပ်"၏နောက်ဆက်တွဲ ဆွေးနွေးပွဲ၊ ၂၀၂၀ပြည့်နှစ် မတိုင်မီတွင် လုပ်ဆောင်မှု၊ နိုင်ငံအသီးသီး၏ ပြည်တွင်း လုပ်ဆောင်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ဆောင်ရွက်ရေး စသည့် အရေးကြီး ကိစ္စရပ်များနှင့် ပတ်သက်၍ အလေးထား အမြင်ချင်း ဖလှယ်ပြီး BASICနိုင်ငံများ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး၏ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းစာချုပ်တွင် လက်မှတ်ရေးထိုးကြသော နိုင်ငံအားလုံး အနေနှင့် လူသားတစ်ရပ်လုံးနှင့် နောင်လာ နောက်သားများ၏ အကျိုးစီးပွားကို ရှေ့ရှုပြီး "ပါရီသဘောတူစာချုပ်"ကို အစဉ်တစိုက် အားပေးထောက်ခံ ကြရန် ဝန်ကြီးများက တိုက်တွန်းကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

"BASIC"သည် ၂၀၀၉ခုနှစ်က တရုတ်၊ အိန္ဒိယ၊ ဘရာဇီးနှင့် တောင်အာဖရိက ဖွံ့ဖြိုးဆဲ နိုင်ငံကြီး ၄နိုင်ငံတို့ အတူတည်ထောင်ထားသော ဘက်ပေါင်းစုံစနစ် ဖြစ်ကြောင်း၊ "BASIC"ကို တည်ထောင်ခဲ့သည့်နောက်ပိုင်းတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဘက်ပေါင်းစုံ အစီအစဉ် တွန်းအားပေးရေး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စည်းလုံးညီညွတ်ရေးနှင့် ဘုံအကျိုးစီးပွား ထိန်းသိမ်းစောင့်ရှောက်ရေး နယ်ပယ်များတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကာ "ပါရီသဘောတူ စာချုပ်" အောင်မြင်စွာ ချုပ်ဆို နိုင်ခြင်းနှင့် မူလလျာထားချိန်ထက် ပိုစော၍ အာဏာတည်နိုင်ခြင်း အတွက် အရေးကြီး သောအကျိုးပြုစွမ်းဆောင်မှုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုအကြိမ် အစည်းအဝေးမှ ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်တွင် "BASIC"သည် "ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု မူဘောင် ပဋိညာဉ် စာချုပ်"၊ "ကျိုတို သဘောတူစာချုပ်"နှင့် "ပါရီ သဘောတူ စာချုပ်"ပါ နိုင်ငံရေး ကတိပြုချက်များကို ဘက်စုံ ဆက်တိုက် ထိရောက်စွာ လက်တွေ့ဖော်ဆောင်မည် ဖြစ်ကြောင်း အလေးထား ဖော်ပြသည်။

   Webradio