• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်၏ တရုတ်နိုင်ငံခရီး အလွန်အောင်မြင်ဟု တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး ဆို

(GMT+08:00) 2017-04-11 13:01:32

မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်၏ တရုတ်နိုင်ငံခရီးသည် အလွန်အောင်မြင်ကြောင်း၊ ယင်းခရီးသည် တရုတ်၊မြန်မာ အိမ်နီးချင်းကောင်း ဆက်ဆံရေး အဆင့်ကာလသစ်သို့ ဝင်ရောက်ပြီး အရေးကြီးခရီး၊ ချစ်ကြည်ရေးခရီးနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေသောခရီးဖြစ်ကြောင်း၊ ဧပြီလ ၁၀ရက်နေ့က တရုတ်၊မြန်မာ ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး လျူကျိန့်မင်းက ပြောကြားခဲ့သည်ဟု၊ စီအာအိုင်သတင်းအရ သိရပါသည်။

ယင်းခရီးတွင် ကျန်းမာရေး၊ ရောဂါထိန်းချုပ်ရေး၊ အားကစားနှင့် လမ်းပန်းဆက်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အစိုးရချင်းစာချုပ်(၇)ခုကို လက်မှတ်ရေးထိုးပြီး တရုတ်-မြန်မာ ရေနံပိုက်လိုင်းစာချုပ် နှင့် ကျောက်ဖြူစီးပွားရေးအထူးဇုန်ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်ရေးစာချုပ်ကိုလည်း ချုပ်ဆိုခဲ့ကြောင်း၊ စွမ်းအင်၊ အပြန်အလှန် ဆက်သွယ်မှု နှင့် အခြေခံအဆောက်အအုံတည်ဆောက်မှု နယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် ပတ်သက်၍ အရေးကြီးသဘောတူညီမှုများရရှိခဲ့ကြောင်း၊ လျူကျိန့်မင်းက မီဒီယာများအား ပြောကြားခဲ့ပါသည်။

နောင်တွင် လယ်ယာစိုက်ပျိုးရေး၊ ဆေးဝါးကုသရေး စသောနယ်ပယ်များ အားဖြည့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ တရုတ်နှင့်မြန်မာ နှစ်ဖက်တို့က အလေးထား ပြောကြားခဲ့ကြသည်ဟု ၎င်းက ဆက်လက်ပြောကြားသွားပါသည်။

   Webradio