• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျမ်းတေကျန်းသည် မြန်မာ သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံ

(GMT+08:00) 2017-04-10 19:24:52

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျမ်းတေကျန်းသည် ယခုလ ၁၀ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ မြန်မာ သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ကျမ်းတေကျန်းက၊ တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း နိုင်ငံ ဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက်ကို ရှေ့ဆောင် ကမ်းလှမ်းသူနှင့် လက်တွေ့ ဖေါ်ဆောင်သူ ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် တလျှောက်လုံး အပြန်အလှန် လေးစားပြီး အပြန်အလှန် ထောက်ခံကာ နိုင်ငံရေးစနစ် မတူသော နိုင်ငံအကြား ချစ်ကြည်ရေး ဆက်ဆံမှု စံနာမူနာကောင်းကို ထူပြနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ ဦးထင်ကျော်က၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး သမိုင်းသက်တမ်းသည် တစ်ထောင်ကျော် ရှိပြီ ဖြစ်ကြောင်း၊ မိမိ၏ ယခုအကြိမ် တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံမှုကို ထိရောက်စွာ တွန်းအားပေးမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio