• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဘရာဇီးနှစ်နိုင်ငံ ဆက်ဆံရေး အဆင့်တိုးရန် နှစ်နိုင်ငံခေါင်းဆောင်တို့ မျှော်လင့်

(GMT+08:00) 2017-04-10 15:22:17

မကြာခင်ရက်များက တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်နှင့် ဘရာဇီးနိုင်ငံ သမ္မတ တယ်မယ်လ်တို့သည် နှုတ်သတင်း အပြန်အလှန်ပေးပို့ခဲ့ရာတွင် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို မြင့်မားစွာ အလေးထားသည်ဟု ထပ်မံပြောကြားခဲ့ ကြကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။

တယ်မယ်လ်က BRICS နိုင်ငံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး တရုတ်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်မည့်အတွက် ဝမ်းသာဖြစ်ကြောင်း၊ ဖော်ပြပါသည်။

ရှီကျင့်ဖိန်က တယ်မယ်လ်အား BRICS နိုင်ငံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး တရုတ်ပြည်တွင် တရားဝင်ခရီးလှည့်လည်ရန် ကြိုဆိုကြောင်း၊ တရုတ်-ဘရာဇီး စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ကြောင်း၊ ပြောကြားပါသည်။

   Webradio