• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အမျိုးသမီးနှင့်ကလေးများ ပရဟိတဆု ချီးမြှင့်ပွဲ ကျင်းပ

(GMT+08:00) 2017-04-10 10:06:33

တရုတ် ပြည်လုံးကျွတ် အမျိုးသမီး သမဂ္ဂ ဦးစီးပြုလုပ်သော ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ တရုတ် အမျိုးသမီးနှင့် ကလေးများ ပရဟိတဆု ချီးမြှင့်ပွဲကို ယခုလ ၈ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ အမျိုးသမီး သမဂ္ဂ ဥက္ကဋ္ဌ ရှင်ယွဲ့ယွဲ့သည် အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း တရုတ် ကလေးများ ရန်ပုံငွေအဖွဲ့နှင့် အမျိုးသမီးများ ရန်ပုံငွေအဖွဲ့တို့သည် အလှူငွေ စုစုပေါင်း ယွမ် သန်း ၂၂၀၀ ကျော်ကို ကောက်ခံ ရရှိပြီး အမျိုးသမီးနှင့် ကလေး ၂၇ သန်းကျော်တို့သည် အကျိုးစီးပွါး ခံစားခဲ့ရကြောင်း သတင်းရရှိပါသည်။

   Webradio