• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အလုပ်အကိုင်နေရာချထားမှု တွန်းအားပေး

(GMT+08:00) 2017-04-10 10:04:20

တရုတ်နိုင်ငံ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှု အာမခံပေးရေး ဝန်ကြီးဌာန ဒုဝန်ကြီး ကျမ်းယိကျင်းက၊ ယခုနှစ် ပထမ ၃ လ အတွင်း တရုတ်ပြည် အလုပ်အကိုင် နေရာချထားရေး အခြေအနေသည် ပုံမှန် တည်ငြိမ်ပါကြောင်း၊ တရုတ် နိုင်ငံသည် ပိုမို တက်ကြွသော အလုပ်အကိုင် နေရာချထားရေး မူဝါဒကို ဖေါ်ဆောင် သွားမည် ဖြစ်ကြောင်း ယခုလ ၇ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ပါသည်။

၇ ရက်နေ့က နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ မူဝါဒဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ကျမ်းယိကျင်းက၊ လွန်ခဲ့သည့်နှစ်များက တရုတ်ပြည် အလုပ်အကိုင် နေရာချထားရေး အခြေအနေသည် ခြုံပြီးကြည့်လျှင် ပုံမှန် တည်ငြိမ်ပါကြောင်း၊ မြို့ပြ အလုပ်အကိုင်နေရာသစ် ပမာဏမှာ ၄ နှစ် ဆက်တိုက် နှစ်စဉ် ၁၃ သန်းကျော် တိုးများ လာကြောင်း၊ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတွင် မြို့ပြ အလုပ်အကိုင် နေရာသစ်မှာ ၁၈ သိန်း ၈ သောင်းကျော် တိုးများလာကြောင်း ပြောကြားခဲ့ပါသည်။

   Webradio