• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ဆီးရီးယားအား စစ်ရေးတိုက်ခိုက်မှု ပြုလုပ်

(GMT+08:00) 2017-04-08 10:06:58

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနသည် ယခုလ ၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး စောစောက ဆီးရီးယား၌ ဖြစ်ပွါးခဲ့သော ဓါတုလက်နက်ဖြင့် တိုက်ခိုက်မှု အပေါ် တုံ့ပြန်သည့် အနေနှင့် အမေရိကန်သည် ၆ ရက်နေ့ညတွင် ဆီးရီးယား စစ်ဘက် လေဆိပ် တစ်ခုကို ဒုံးကျည် ဆယ်ပေါင်းများစွာကို ပစ်လွှတ်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းသည် ထရန့်က သမ္မတ အဖြစ် ထမ်းဆောင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆီးရီးယား အစိုးရတပ်ဖွဲ့အား စစ်ရေး တိုက်ခိုက်မှု ပြုလုပ်ခြင်းပင် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဆီးရီးယား နိုင်ငံတော် ရုပ်မြင်သံကြားဌာနက အမေရိကန်၏ ယင်း စစ်ရေး ဆောင်ရွက်မှုသည် ကျူးကျော်မှု တစ်ရပ် ဖြစ်သည်ဟု ဆိုခဲ့ကြောင်း၊ ဆီးရီးယား စစ်ဘက်က၊ အမေရိကန်၏ တိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံးပြီဟု အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio