• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စားသုံးမှုသည် တရုတ်ပြည်စီးပွားရေးဖွံ့ဖြိုးမှုကို ဆက်လက်တွန်းအားပေးမည်ဟု ADBဆို

(GMT+08:00) 2017-04-07 12:57:57

        အာရှဖွံ့ဖြိုးရေးဘဏ်သည် ယခုလ ၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ၂၀၁၇ခုနှစ် အာရှဖွံ့ဖြိုးရေး ခန့်မှန်းချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ တရုတ်ပြည်သည် စီးပွားရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နေကြောင်း၊ ၂၀၁၇ခုနှစ်အတွင်း စားသုံးမှုသည် တရုတ်ပြည်စီးပွားရေးဖွံ့ဖြိုးမှုကို ဆက်လက် တည်ငြိမ်စွာ တွန်းအားပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ၂၀၁၆ခုနှစ်အတွင်း ဝန်ဆောင်မှုသည် တရုတ် ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းပမာဏ၏ ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ခုနှစ် အလားတူအချိန်ပိုင်းကထက် ၇့၈ရာခိုင်နှုန်း တိုးများလာကြောင်း၊ စက်မှုလုပ်ငန်းတိုးနှုန်းသည် ၆့၁ ရာခိုင်နှုန်းရှိပြီး တိုးများလာသောပမာဏသည် ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းပမာဏ၏ ၄၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပြည်သူလူထု စားသုံးမှုဈေးနှုန်း၏ တိုးနှုန်းသည် ၂၀၁၅ ခုနှစ်က ၁့၎ ရှိရာမှ ၂၀၁၆ ခုနှစ်က ၂ ရာခိုင်နှုန်းအထိ တိုးလာပြီး အစိုးရသတ်မှတ်ထားသော ၃ ရာခိုင်နှုန်း ငွေကြေးဖောင်းပွမှု သတ်မှတ်ချက်အောက်တွင်ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။

   Webradio