• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်က ဖင်လန်လွှတ်တော်ဥက္ကဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-04-06 10:48:23

တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်သည် ဧပြီလ ၅ရက်နေ့က ဟယ်လဆင်ကီတွင် ဖင်လန်နိုင်ငံ လွှတ်တော်ဥက္ကဌ လိုဟေလာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်း အရ သိရပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် အဆင့်ဆင့် ကူးလူးဆက်ဆံရေးကို ထိန်းထားပြီး၊ ပိုမိုတက်ကြွပြီး ပုံစံမျိုးစုံသော ကူးလူးဖလှယ်ရေးကို ဆောင်ရွက်ကာ၊ နှစ်နိုင်ငံမှလွှတ်တော် အမတ်များ အထူးသဖြင့် လူငယ်လွှတ်တော်အမတ်များအကြား ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်နိုင်ရန်အတွက် အခွင့်ကောင်းဖန်တီးပေးရန်လိုကြောင်း၊ ရှီကျင့်ဖိန်က အလေးထားပြောကြားပါသည်။

ဖင်လန်နိုင်ငံသည် တရုတ်နိုင်ငံ၏စီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်ရာတွင် ရရှိသော အောင်မြင်မှုများကို ချီးကျူးလေးစားကြောင်း၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အခွင့်ကောင်းအဖြစ် သဘောထားကြောင်း၊ စီးပွားကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ဆောင်းရာသီအားကစား စသောနယ်ပယ်များနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် တရုတ်ဘက်နှင့်အတူ နွေးထွေးသော ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်လိုကြောင်း၊ လိုဟေလာက ပြောကြားပါသည်။

   Webradio