• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယူကျင့်ရှိန်းသည်၊ ပါကစ္စတန်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-04-06 10:41:32

       ပါကစ္စတန်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်နေသော တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ပြည်လုံးဆိုင်ရာကော်မတီဥက္ကဋ္ဌ ယူကျင့်ရှိန်းသည်၊ ယခုလ ၅ ရက်နေ့ က အစ္စလမ္မာဘတ်မြို့၌ ပါကစ္စတန်နိုင်ငံအထက်လွှတ်တော်ဥက္ကဋ္ဌ Rabbani နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ယူကျင့်ရှိန်းက တရုတ်နှင့် ပါကစ္စတန်တို့သည်၊ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် ညီအစ်ကိုကောင်းများဖြစ်ပြီး၊ ၂နိုင်ငံသံတမန်ဆက်ဆံမှုထားရှိခဲ့သည့် နှစ်ပေါင်း၆၀ကျော်အတွင်းနှစ်နိုင်ငံဆက်ဆံမှုအဆက်မပြတ်တိုးတက်လာခဲ့ကြောင်းပြော ကြားခဲ့သည်။

Raza Rabbani က၊ တရုတ်နှင့်ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်စေရေးမှာ ပါကစ္စတန်နိုင်ငံခြား ရေး၏ အခြေခံအုတ်မြစ်ဖြစ်ရုံသာမက၊ ပါကစ္စတန် နိုင်ငံရေးပါတီများ၏ သဘောတူညီမှု လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio