• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပုံမှန်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-04-05 10:58:39

      တရုတ်နိုင်ငံခြားရေးဝန်ကြီးလက်ထောက် ခွန်ရွှန်ယို့နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးရာစစ်ဆေးရေးအရာရှိ Takeo Akiba တို့သည်၊ ယခုလ ၄ ရက်နေ့က တိုကျိုမြို့ တွင် ၂ နိုင်ငံတို့ မှ နိုင်ငံခြားရေးဝန်ကြီးဌာနပုံမှန်ဆွေးနွေးပွဲကို ကျင်းပကြပြီး၊ တရုတ်-ဂျပန် ဆက်ဆံမှုနှင့် ၂ ဖက်တို့အတူတကွအာရုံစိုက်ကြသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍  အမြင်ချင်းဖလှယ်ခဲ့ကြ သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ခွန်ရွှန်ယို့က၊ တရုတ်-ဂျပန်ဆက်ဆံမှုသည်၊ ၂ နိုင်ငံသံတမန်ဆက်ဆံမှုပုံမှန်ပြန်ဖြစ် လာသည့် ၄၅ နှစ်မြောက်ကာလအတွင်းရောက်ရှိလာပြီဖြစ်ပြီး၊ အခွင့်အခါကောင်းနှင့် စိန်ခေါ်မှုများကို  ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio