• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားသည် အကြမ်းဖက် ခြိမ်းခြောက်မှုသစ်နှင့် ရင်ဆိုင်နေ

(GMT+08:00) 2017-04-05 10:15:23

ယခုလ ၃ ရက်နေ့က ရုရှားနိုင်ငံ စိန်ပီတာဘာမြို့ မြေအောက်ရထားတွင် ဗုံးဖေါက်ခွဲမှု ဖြစ်ပွါးခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း၊ ဗုံးဖေါက်ခွဲမှု ဖြစ်ပွါးသည့်အခါ ရုရှား သမ္မတ ပူတင်သည် စိန်ပီတာဘာမြို့၌ သံတမန် လှုပ်ရှားမှုကို တက်ရောက်နေကြောင်း၊ ရုရှား ရှေ့နေရုံးချုပ်သည် ယင်းဗုံးဖေါက်ခွဲမှုကို အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် သတ်မှတ်ပြီ ဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များက၊ ရုရှားသည် အရှေ့အလယ်ပိုင်း၌ အကြမ်းဖက်မှု တိုက်ခိုက်ရေးကို အကြီးအကျယ် ဆောင်ရွက်ခဲ့ပြီးနောက် နိုင်ငံတကာ အကြမ်းဖက်မှုသည် ရုရှားက ရင်ဆိုင်နေရသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုသစ် ဖြစ်နေပြီဟု ယူဆကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

လက်ရှိအချိန်တွင် ရုရှား လုံခြုံရေးဌာနသည် ဗုံးဖေါက်ခွဲသူ မည်သူမည်ဝါ ဖြစ်သနည်းနှင့် ၄င်းတို့၏ ရည်ရွယ်ချက်ကို မချမှတ်ရသေးကြောင်း၊ ရုရှား မီဒီယာမှ သတင်းအရ ဗုံးဖေါက်ခွဲသူသည် အလယ်အာရှသား ဖြစ်ပြီး အရှေ့အလယ်ပိုင်း အစွန်းရောက် အဖွဲ့နှင့် ဆက်စပ်နိုင်ကြောင်း သတင်းရရှိပါသည်။

တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီး ရုရှားနှင့် အရှေ့ဥရောပ၊ အလယ်အာရှ သုတေသနဌာန သုတေသီ ရွှေဖူချီက၊ ရုရှားနိုင်ငံက အရှေ့အလယ်ပိုင်း ရေးရာတွင် နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက် လာသည်နှင့်အမျှ နိုင်ငံတကာ အကြမ်းဖက် ခြိမ်းခြောက်မှုသည် ရုရှား၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွင် ရင်ဆိုင် နေရသော ခြိမ်ခြောက်မှုသစ် ဖြစ်လာပြီ ဖြစ်ကြောင်း၊ အကယ်၍ ယခုအကြိမ် မြေအောက်ရထား ဗုံးဖေါက်ခွဲမှုသည် အိုင်အက်စ် အစွန်းရောက်အဖွဲ့နှင့် ဆက်စပ်ခြင်း ရှိပါက ရုရှားသည် အရှေ့အလယ်ပိုင်း ရေးရာမှ ထွက်ခွါမည် မဟုတ်ဘဲ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ဆက်လက် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။ 
   Webradio