• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ မဒါဂါစကာသမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2017-03-28 11:05:51

 

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ယခုလ ၂၇ ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် မဒါဂါစကာနိုင်ငံ သမ္မတ Hery နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ ရှီကျင့်ဖိန်က၊ တရုတ်-မဒါဂါစကာသံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် ၄၅ နှစ်ပြည့်အတွင်း၊ နှစ်နိုင်ငံတို့သည်၊ အစဉ်တစိုက်တန်းတူညီမျှပြီး၊ အပြန်အလှန်လေးစားကြကြောင်း၊ ၂ ဖက်တို့သည်၊ အမြုတေအကျိုးစီးပွားနှင့် အရေးကြီး ကိစ္စရပ်များအပေါ် အပြန်အလှန်နားလည်ပြီး အပြန်အလှန်ထောက်ခံကြကြောင်း၊ နှစ်နိုင်ငံ တို့သည်၊ နယ်ပယ်အသီးသီးမှ ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှု များစွာ ရရှိခဲ့ကြကြောင်း ပြောကြားခဲ့သည်။

Hery ကလည်း၊ မဒါဂါစကာ-တရုတ်ချစ်ကြည်ရေးသည်၊ ရှေးဝေဏီမှ တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်-မဒါဂါစကာသံတမန်ဆက်ဆံမှုထားရှိခဲ့သည့် ၄၅နှစ်ပြည့် အခါ သမယတွင် တရုတ်ပြည်သို့ တရားဝင်ခရီးလှည့်လည်ရခြင်းအတွက် အလွန်ဝမ်းမြောက် ဝမ်းသာဖြစ်မိပါကြောင်း၊ တရုတ်ပြည်သည်၊ မဒါဂါစကာနှင့် အာဖရိကတို့၏ အဓိက အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရ သည်။

   Webradio