• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-သြစတြေးလျ ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ရန် အခွင့်အလမ်းကောင်း ရရှိ

(GMT+08:00) 2017-03-23 15:02:01

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၂ရက်နေ့ညက ကင်ဘာရာမြို့တော်သို့ ရောက်ရှိပြီး သြစတြေးလျ နိုင်ငံတွင် ၅ရက်ကြာ တရားဝင် ခရီးစဉ်ကို စတင်လှည့်လည်နေကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် လွန်ခဲ့သော ၁၁နှစ် အတွင်း တရုတ် ဝန်ကြီးချုပ်၏ ပထမဆုံးအကြိမ် သြစတြေးလျ ခရီးစဉ် ဖြစ်ပြီး အလွန် အရေးကြီးကြောင်း၊ မကြာခင်ရက်များက တရုတ်-သြစတြေးလျ ဆက်ဆံရေး အပေါ် သြစတြေးလျပြည်တွင်းမှ အာရုံစုက်လာ ကြကြောင်း၊ သြစတြေးလျ ပညာရှင် အချို့က ဝန်ကြီးချုပ် လီခေ့ချန်၏ ယခုအကြိမ် ခရီးစဉ်သည် အချိန်ကာလသစ်တွင် ရှိနေသော တရုတ်-သြစတြေးလျ ဆက်ဆံမှုကို တွန်းအားပေးနိုင်မည်ဟု ယူဆကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

၂၂ရက်နေ့က သြစတြေးလျ နိုင်ငံ"The Australian"သတင်းစာတွင် "တရုတ်- သြစတြေးလျ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်" ဟူသော ခေါင်းစဉ်ဖြင့် တရုတ် ဝန်ကြီးချုပ် လီခေ့ချန် ရေးသားသော ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြရာ၌ ယခုအကြိမ် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ လက်ရှိအချိန်တွင် ကမ္ဘာ၌ မရေရာမှု တိုးပွားလာပြီး ဖွံ့ဖြိုးရန် ဦးတည်ချက် မရှိသော အခြေအနေမျိုးတွင် သြစတြေးလျနှင့် နှစ်နိုင်ငံ ပူးပေါင်းပြီး ရင်ဆိုင်နေရသော ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးရန် ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ဖြင့် တရုတ်နှင့် သြစတြေးလျ နှစ်နိုင်ငံတို့သည် စိန်ခေါ်မှုများကို သမိုင်းဝင် အခွင့်အခါကောင်းများ အဖြစ် မှတ်ယူပြီး နှစ်နိုင်ငံ ဆက်ဆံမှုအတွက်ရော၊ ကမ္ဘာဖွံ့ဖြိုး တိုးတက်မှု အတွက်ပါ တွန်းအားပေးရန် မိမိမျှော်လင့်ကြောင်း ရေးသားဖော်ပြသည်။

သြစတြေးလျ အမျိုးသား တက္ကသိုလ် အာရှနှင့် ပစိဖိတ်ရေးရာ အကယ်ဒမီမှ မကြာခင်က ထုတ်ပြန်သော သုံးသပ်ချက်တွင် လက်ရှိ နိုင်ငံတကာ စနစ် အပေါ် မယုံသင်္ကာ ဖြစ်မှု များပြားလာသည့် အခြေအနေမျိုးတွင် တရုတ်နှင့် သြစတြေးလျ နှစ်နိုင်ငံတို့သည် လက်တွေ့ဆောင်ရွက်မှုများဖြင့် လွတ်လပ်သော ကုန်သွယ်မှု ထိန်းသိမ်းကာကွယ်ရန် အတွက်ရော၊ ပွင့်လင်းသော ကမ္ဘာ့ စီးပွားရေး တည်ဆောက်ရန် အတွက်ပါ လက်တွဲ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ဖော်ပြသည်။

 

   Webradio