• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် TVဇာတ်လမ်းတွဲများ အရှေ့တောင်အာရှ နိုင်ငံများတွင် ကြိုက်နှစ်သက်မှု ခံရ

(GMT+08:00) 2017-03-22 15:11:58

တရုတ် TVဇာတ်လမ်းတွဲ "ပေါင်ချိန်"ဇာတ်လမ်းတွဲသည် မြန်မာ ပရိသတ်များ၏ ကြိုက်နှစ်သက်မှု ခံရကြောင်း၊ ရုပ်သံတည်းဖြတ်ခြင်း ပြန်လည်ပြုလုပ်ခဲ့သော မြန်မာ ဘာသာ နောက်ခံ စကားပြော တရုတ် TVဇာတ်လမ်းတွဲ "ပေါင်ချိန်"ဇာတ်လမ်းတွဲကို ယခုနှစ် မတ်လ ၁၉ရက်နေ့  ညပိုင်းက စတင်ထုတ်လွှင့်ခဲ့ကြောင်း ထို့အပြင်၊ ယခုနှစ် နှစ်ဆန်းပိုင်းကလည်း တရုတ် TV ဇာတ်လမ်းတွဲ "သုံးပြည်ထောင်" ကိုနေ့စဉ် ညနေ ၆နာရီ မိနစ်၂၀အချိန်က ထိုင်းနိုင်ငံ ချယ်နယ် ၃တွင် ထုတ်လွှင့်ပြီး ထိုင်းပရိသတ်များ ၏ ကြိုက်နှစ်သက်မှု ခံရကြောင်း တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာတွင် ရေးသား ဖော်ပြသည်။

တရုတ် TVဇာတ်လမ်းတွဲများ အရှေ့တောင်အာရှတွင် အခုလို ကြိုက်နှစ်သက်မှု များပြားနေခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ဦးဝင်းတင် က"မဇ္ဈိမတိုင်းခရီး" နှင့်"ပေါင်ချိန်"စသည့် တရုတ် TVဇာတ်လမ်းတွဲများသည် လူသိရှင်ကြား ဖြစ်ကြောင်း၊ မြန်မာ ပရိသတ်များသည် ၄င်းTVဇာတ်လမ်းတွဲများ၏ ဇာတ်လမ်းများကို သိကျွမ်းရုံ သာမကဘဲ ရုပ်ရှင်မင်းသားမင်းသမီးများကိုလည်း အလွန်ကြိုက်နှစ်သက် ကြကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများသည် ပထဝီအနေအထားအရ ဆက်စပ်နေပြီး ဆွေမျိုးတော်စပ်ကာ ယဉ်ကျေးမှုလည်း နီးစပ်ကြောင်း၊ မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ပြည်သူများသည် တရားမျှတမှု၊ သမာသမတ်ကျမှု၊ သစ္စာရှိခြင်းနှင့် စိတ်ကောင်းစေတနာ အပါအဝင် ကောင်းမွန်သော ဂုဏ်ရည်များကို အမြတ်တနိုးထားကြကြောင်း၊ ၄င်းဂုဏ်ရည် များသည် တရုတ် ရုပ်ရှင်နှင့် TVဇာတ်လမ်းတွဲတွင် ဖော်ပြချင်သော အမြုတေ တန်ဖိုးအမြင်များပင် ဖြစ်ကြောင်း၊ တရုတ် ရုပ်ရှင်နှင့် TVဇာတ်လမ်းတွဲများသည် အရှေ့ တောင်အာရှ ပရိသတ်များကို တရုတ်ပြည်၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို မိတ်ဆက်ပေးပြီး အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်ပြည် အကြား ချစ်ခင်ရင်းနှီးသော ကူးလူးဖလှယ်မှု များကို တွန်းအားပေးရေး အတွက် အကျိုးရှိကြောင်း ပြောကြားသည်။

   Webradio