• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် စီမံခန့်ခွဲမှု အခြေခံမူဘောင်ကို ပြီးမြောက်အောင် အားသွန် ခွန်စိုက်ပြီး တွန်းအားပေးမည်ဟု ထိုင်းနှင့်ဖိလစ်ပိုင် ခေါင်းဆောင်များ ကတိပြု

(GMT+08:00) 2017-03-22 13:37:15

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်သည် မတ်လ ၂၁ရက်နေ့က ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေး ခရီးလှည့်လည်နေသော ဖိလစ်ပိုင် သမ္မတ ဒူတာတေနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ၊ နှစ်ဖက်တို့သည် တောင်ပင်လယ် ဘက်အသီးသီးတို့ ဆောင်ရွက်ရေး ကြေညာချက်ကို ဘက်စုံ ထိရောက်စွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပတ်သက်ပြီး အလေးထားပြောကြားခဲ့ကြကြောင်း၊ တောင်ပင်လယ် စီမံခန့်ခွဲမှု အခြေခံမူဘောင်ကို ယခုနှစ်အတွင်း ပြီးမြောက်အောင် အားသွန်ခွန်စိုက်ပြီး တွန်းအားပေးကြမည်ဟု ကတိပြုကြကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio