• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခရီးသွားလုပ်ငန်းသည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ ကျောရိုးမဏ္ဍိုင်သစ် ဖြစ်လာ

(GMT+08:00) 2017-03-21 09:55:13

၂၀၁၇ ခုနှစ် တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖွင့်ပွဲ အခမ်းအနားကို လွန်ခဲ့သည့်သီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့ကြောင်း၊ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် အတွင်း နှစ်ဖက်တို့သည် သာယာလှပသော တရုတ်ပြည်- ဆီးနှင်းရေခဲ ခရီးစဉ် အမည်ဖြစ်သည့် ခရီးသွား ပူးတွဲ မိတ်ဆက်ပွဲ လှုပ်ရှားမှု၊ မဟာမဲခေါင်မြစ် ဒေသငယ် ခရီးသွား လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဲခေါင်မြစ် ခရီးသွား ဖိုရမ်နှင့် အာဆီယံ ကုန်စည်ပြပွဲ စသည့် လှုပ်ရှားမှုများကို ပြုလုပ်မည် ဖြစ်ကြောင်း တရုတ် ခရီးသွား သတင်းစာမှ သတင်းအရ သိရပါသည်။

လက်ရှိ အချိန်တွင် အာဆီယံနိုင်ငံများသို့ သွားရောက်သော ကမ္ဘာလှည့် ခရီးသည်များ အနက် တရုတ်ခရီးသည်ဦးရေမှာ အများဆုံး ဖြစ်နေပြီ ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားသို့ ခရီးသွားသော ခရီးသည်များ အနက် တရုတ် ခရီးသည် ဦးရေသည် အများဆုံး ဖြစ်ပြီး စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် ဒုတိယ အများဆုံး ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံအသီးသီမှ စာရင်းအရ၊ ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ခရီးသွားသော တရုတ်ခရီးသည် ဦးရေမှာ ၉၂ သိန်း ၃ သောင်းကျော် ရှိပြီး စင်ကာပူသို့ ခရီးသွားသော တရုတ်ခရီးသည် ဦးရေမှာ ၂၈ သိန်း ၆ သျောင်းကျော် ရှိကြောင်း သိရပါသည်။

တရုတ်ပြည်သို့ လာရောက်သော အာဆီယံနိုင်ငံမှ ခရီးသည် ဦးရေလည်း အဆက်မပြတ် တိုးများလာနေပြီး ၂၀၁၆ ခုနှစ်တွင် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာ စသည့်နိုင်ငံမှ ခရီးသည်ဦးရေ အားလုံး ၁ သန်းကျော် ရှိခဲ့ကြောင်း၊ ယင်းတို့အနက် ဗီယက်နမ် ခရီးသည်ဦးရေမှာ ၃၁ သိန်း ၆ သောင်းကျော် ရှိပြီး ၂၀၁၅ ခုနှစ်ကထက် ၄၆့ ၆ ရာခိုင်နှုန်း တိုးများလာကြောင်း သိရပါသည်။

   Webradio