• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Martin Schulzသည်၊ ဂျာမဏီ ဝန်ကြီးချုပ်အဖြစ်အရွေးခံရန်ပုဂ္ဂိုလ်ဖြစ်လာ

(GMT+08:00) 2017-03-20 10:48:18

      ဂျာမဏီနိုင်ငံ SPD-ပါတီသည်၊ ယခုလ ၁၉ ရက်နေ့က ပြည်လုံးဆိုင်ရာပါတီ ကိုယ်စားလှယ်များအစည်းအဝေးကျင်းပခဲ့ရာ၊ ဥရောပလွှတ်တော်ဥက္ကဋ္ဌဟောင်း Martin Schulz အား SPD-ပါတီ ဥက္ကဋ္ဌအဖြစ် တညီညွတ်တည်းရွေးချယ်တင်မြှောက်ခဲ့သည့် အပြင်၊ Martin Schulzသည်၊ SPD-ပါတီမှ ဝန်ကြီးချုပ်အရွေးခံရန်ပုဂ္ဂိုလ်အနေနှင့်၊ ယခု နှစ် စက်တင်ဘာလတွင် ကျင်းပမည့် ဂျာမဏီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဟု တရားဝင်အတည်ပြုလိုက်ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ဂျာမဏီ ဒု ဝန်ကြီးချုပ် Gabriel သည်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က အထွေထွေ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟုဆုံးဖြတ်ခဲ့ပြီး၊ ၄င်းထမ်းဆောင်သည့် SPD-ပါတီ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ခဲ့သည်ဟု သိရသည်။

   Webradio