• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒူတာတယ်သည်၊ ဝမ်းယန်နှင့် တွေ့ဆုံ

(GMT+08:00) 2017-03-18 15:32:12

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတယ်သည်၊ ယခုလ ၁၇ ရက်နေ့က  ဖိလစ်ပိုင်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်နေသည့် တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် ဝမ်းယန်နှင့်  Davaoမြို့တွင် တွေ့ဆုံခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ဒူတာတယ်က၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် တရုတ်ပြည်သူများအပေါ် ရင်းနှီးသော နှုတ်ခွန်း ဆက်စကားနှင့် ကောင်းမွန်သော ဆုတောင်းမှုကို ဝမ်းယန်မှတစ်ဆင့် ဖော်ပြသည့်အပြင်၊ ဖိလစ်ပိုင်-တရုတ်ဆက်ဆံမှုတစ်နေ့တခြားနီးကပ်လာခြင်းအပေါ် ကြေနပ်မိကြောင်း၊ တရုတ် မှ ဖိလစ်ပိုင်အား ထောက်ခံအားပေးမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည် ဟု စီအာအိုင်ကဖော်ပြသည်။

   Webradio