• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖွင့်ပွဲအခမ်းအနားသို့ လီခေ့ချန်နှင့် ဒူတာတယ် ဂုဏ်ပြုသဝဏ်လွှာ အသီးသီး ပေးပို့

(GMT+08:00) 2017-03-17 10:25:58

        ၂၀၁၇ခုနှစ် တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်နှင့် ဖိလစ်ပိုင်သမ္မတ ဒူတာတယ်တို့သည်  ဂုဏ်ပြုသဝဏ်လွှာ အသီးသီးပေးပို့ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ဝန်ကြီးချုပ်လီခေ့ချန်က တရုတ်နှင့် အာဆီယံတို့သည် အိမ်နီးချင်းများဖြစ်ပြီး ယဉ်ကျေးမှုဆက်စပ်ကာ ရှေးပဝေသဏီကတည်းကပင် ရင်းနှီးစွာဆက်ဆံခဲ့ကြကြောင်း၊ တရုတ်ပြည်၏ အိမ်နီးချင်းနိုင်ငံခြားရေးတွင် အာဆီယံအဖွဲ့ကို ဦးစားပေးပြီး အာဆီယံ၏ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၏ ဗဟိုအဆင့်နေရာကို ထောက်ခံကြောင်း၊ တရုတ်ပြည်သည် အာဆီယံအဖွဲ့နှင့်အတူ အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများနှင့် ထောက်ခံမှုဖြင့် သဘောတူညီမှုကို နက်ရှိုင်းစေပြီး ဖွံ့ဖြိုးရေး အခွင့်ကောင်းများကို မျှဝေကာ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်မည့်အပြင် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ငြိမ်ချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကို တွန်းအားပေးလိုပါကြောင်း ဖော်ပြသည်။

        ဖိလစ်ပိုင်သမ္မတ ဒူတာတယ်က ယမန်နှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးဘက်ဆက်ဆံမှု ထားရှိသည့် ၂၅ နှစ်ပြည့်မြောက်သည့်နှစ်ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး တစ်ဆင့်တိုးဖွံ့ဖြိုးခြင်းကို ထောပနာပြုပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် သက်ညာထောက်ထားသော ဆက်တိုက်ဖွံ့ဖြိုးတိုးတက်မှုကို မျှော်မှန်း ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးကို တွန်းအားပေးကြရန် မျှော်လင့်ကြောင်း ဖော်ပြသည်။

   Webradio