• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မေလ ၉ရက်နေ့တွင် တောင်ကိုးရီးယား သမ္မတ အထွေထွေ ရွေးကောက်ပွဲကျင်းပမည်

(GMT+08:00) 2017-03-16 12:05:08

တောင်ကိုးရီးယားသမ္မတ အထွေထွေ ရွေးကောက်ပွဲကို မေလ ၉ရက်နေ့တွင် ကျင်းပ မည်ဟု၊ သမ္မတတာဝန်ကို ယာယီထမ်းဆောင်နေသော ဝန်ကြီးချုပ် ဟွောင်ကြိုအန်က မတ်လ ၁၅ရက်နေ့က ကြေညာခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

လာမည့်အကြိမ် သမ္မတ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ်ရှိသော ပုဂ္ဂိုလ်များအနက် အကြီးဆုံး အာဏာလက်မဲ့ပါတီ မင်းဂျိုးပါတီ ဥက္ကဌဟောင်း မွန်ဂျပ်အင်သည် ထောက်ခံမှုနှုန်း ၂၉.၉ရာခိုင်နှုန်းရရှိသောကြောင့် ပထမနေရာတွင် တည်ရှိ နေကြောင်း၊ တောင်ကိုးရီးယား ပြည်သူ့သဘောထားစစ်တမ်းကောက်ယူမှုဌာနမှ ၁၂ရက်နေ့က ထုတ်ပြန်သော ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှုရလဒ်အရ သိရပါသည်။

တောင်ကိုးရီးယားနိုင်ငံရှိ ပါတီအသီးသီးတို့သည် မတ်လ လကုန်ပိုင်း သို့မဟုတ် ဧပြီလ လဆန်း ပိုင်းတွင် ကိုယ့်ပါတီ၏ အရွေးခံရန်ပုဂ္ဂိုလ်များကို ကိုယ်စီ ရွေးချယ်တင်မြှောက်မည် ဖြစ်ကြောင်း၊ သိရပါသည်။

   Webradio